English Below>
အဝေးရောက်ဧရာဝတီအသင်း OIAမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော လျှပ်စစ်ပစ္စည်းများ ပြုပြင်သည့်သင်တန်းဆင်းပွဲကို ၂၀၂၄ခုနှစ်၊မတ်လ၊၂၀ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းကာလကို 7ရက် သတ်မှတ်ထားသော်လည်း သင်တန်းသားများအား လက်တွေ့ပြုလုပ်ချိန်ပိုများစေရန် ရည်ရွယ်၍ သင်တန်းကာလ 3ရက်ထပ်တိုးပြီး သင်တန်းပို့ချပေးခဲ့ပါသည်။
သင်တန်းဆင်းပွဲတွင် အဝေးရောက်ဧရာဝတီအသင်း OIA၏အတွင်းရေးမှူးကိုဖိုးသင်္ကြန်မှ သင်တန်းပြီးမြောက်အောင် တက်ရောက်ခဲ့ကြသော သင်တန်းသားများကို ကျေးဇူးတင်ရှိကြောင်း ၊ယခုပြုလုပ်ခဲ့သည့် သင်တန်းနှင့်ပတ်သက်သော သင်ထောက်ကူပစ္စည်းများကို OIAရဲ့ သင်တန်းကျောင်းတွင် ထားရှိပေးမည်ဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို ပစ္စည်းများလာရောက် ပြုပြင်လို့ရကြောင်း နှင့်အခြားခွန်အားဖြစ်စေမည့်စကား များပြောကြားခဲ့ပြီး သင်တန်းသားများအပေါ် ဂရုတစိုက်နဲ့ သင်ကြားပြသပေးခဲ့သော နည်းပြဆရာကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းသားများအား Certificate များပေးအပ်ခြင်း၊ သင်တန်းဆရာမှ သင်တန်းသားများအား နည်းပညာ အကူအညီလိုအပ်လျှင် အချိန်မရွေး ဆက်သွယ်နိူင်ကြောင်း ပြောကြားခဲ့ပြီးနောက် အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးပြီး သင်တန်းကိုအောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။
ယခုပြုလုပ်ခဲ့သည့် လျှပ်စစ်ပစ္စည်းများပြုပြင်သင်တန်းသည် OIA၏ အသက်မွေးဝမ်းကျောင်းပညာများမျှဝေခြင်းအစီစဉ်မှ အစီအစဉ်အစိတ်အပိုင်းတခုဖြစ်ပြီး သင်တန်းကာလ (10)ရက်အတွင်း နေထိုင်စားသောက်စားရိတ် ကို OIAမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။OIAသည် နောက်လများတွင်လည်း ကာလဒေသနှင့်ကိုက်ညီသောအသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများကို ဆက်လက်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
သင်တန်းကာလ 10 ရက်အတွင်းတွင်ပြုပြင်ရန်လာရောက်ပို့ဆောင်ထားသော ပစ္စည်း 57 မျိုးအနက် 48 မျိုးကို သင်တန်းသားများကိုယ်တိုင် ပြုပြင်ပေးခဲ့ပါသည်။
အဝေးရောက်ဧရာဝတီအသင်း OIA
The graduation ceremony of the Mechanical & Electrical Training conducted by Overseas Irrawaddy Association (hereinafter referred as “OIA”) was held on March 20, 2024. Although the training period was set for 7 days, it was extended 3 days for the purpose of giving more time of practical to trainees. At the graduation ceremony, Mr. Phoe Thingyan, General Secretary of OIA, expressed his gratitude to the trainees who completed the training and said that learning materials related with the training was kept at the training center and trainees will be permitted to use these learning materials for repairing process at any time. Besides, he spoke motivational words to the trainees and awarded Certificate of Collaboration to the Training Lecturer. Continuously, trainees were awarded with Training Completion Certificate and the training lecturer permitted trainee to contact him at any time if they need technical support. Then, the Mechanical & Electrical Training Course was successfully closed.
This training course was just a part of the Vocational Training Programs of OIA and OIA took all responsibilities for the costs of living and meals. Then, OIA is committed to conduct other vocational training courses which are the best fit with local employment opportunities in Mae Sot. During the Training Period of 10 days, Trainees could repaired and/or maintained a total number of 48 household electrical appliances among 57 appliances which were sent to repair and/or maintain.
Overseas Irrawaddy Association

