English Below>>>
အရေးပေါ်ပြောင်းရွှေ့လာသူများအတွက်အရေးပေါ်ရိက္ခာဖြန့်ဝေခြင်းအစီအစဉ်ကိုအဝေးရောက်ဧရာဝတီအသင်းOIAမှ 3လပိုင်း 21,22,23,25,26,27,28 ရက်နေ့များတွင်လျှောက်ထားသူ ကာယကံရှင်များထံသို့ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ပါသည်။ ယခုဖြန့်ဝေပေးခဲ့သည့် အရေးပေါ်ရိက္ခာသည် အိမ်ထောင်စု 158စု အတွက်ဆန်၊ဆီ၊ဆား၊ငါးသေတ္တာ၊ငရုတ်သီးခြောက်၊ကြက်ဥ၊ခေါက်ဆွဲခြောက်၊ကြက်သားမှုန့် အစရှိသော အခြေခံစားသောက်ကုန်များပါဝင်သောပစ္စည်း(၈)မျိုးပါ အထုတ်ရေ (216)ထုတ်ကို ဖြန့်ဝေခဲ့ခြင်းဖြစ်ပါသည်။ ဤအစီအစဥ်သည် ပုံမှန်ရိက္ခာဖြန့်ဝေသည့်အစီအစဥ်တွင် တခါမှပါဝင်ဖူးခြင်းမရှိသူများနှင့်အရေးပေါ်ပြောင်းရွေ့လာသူများအတွက် ရည်ရွယ်၍စီစဥ်ဆောင်ရွက်ထားခြင်းဖြစ်သည်။ လက်တလောမှာ ရိက္ခာအစီအစဉ်ကို ခေတ္တရပ်နားထားပါသေးသည်။ ဖြန့်ဝေမည့် အစီအစဉ်ရှိလျှင် OIAရဲ့ Private Group မှာပဲ ထပ်မံကြေညာ ပေးမည်ဖြစ်ပါသည်။
အဝေးရောက်ဧရာဝတီအသင်း OIA
#OIA
#Emergency Food
#Household /158
#March
Overseas Irrawaddy Association (OIA) conducted emergency food assistance program for the displaced people with emergency concerns and successfully distributed to the applicants on March 21, 22, 23, 25, 26, 27 and, 28, 2024. 8 different types of Basic food items (216 packages) including rice, cooking oil, salt, sardine can, dried chilies, egg, instant noodle, and chicken powder for 158 households were distributed successfully by OIA. And, This program was dedicated for those who did not use to include as beneficiaries in monthly food distribution programs and displaced people in emergency. For now, emergency food assistance program was temporarily stopped and OIA will announce the program at OIA’s private group again if an another emergency food assistance program exists to distribute.
Overseas Irrawaddy Association (OIA)

