English Below >>>
မြဝတီတိုက်ပွဲအခြေအနေကြောင့် အရေးပေါ်ပြောင်းရွှေ့လာရသော စစ်ဘေးရှောင်ပြည်သူများထံသို့ 22.4.2024ရက်နေ့တွင် အဝေးရောက်ဧရာဝတီအသင်း OIAမှ ထမင်းဘူး 360၊အလှူရှင် ဒေါ်အိအိခိုင်မှ ထမင်းဘူး 50 စုစုပေါင်း ထမင်းဘူးရေ 410 ၊ပေါင်မုန့် 200နှင့်ပလာတာ 110ခု တို့ကို ညနေစာအတွက်စစ်ဘေးရှောင်ပြည်သူများရှိရာ နေရာနှစ်ခုသို့ သွားရောက်ပို့ဆောင်ပေးခဲ့ပါသည်။နေရပ်သို့ပြန်လည်ရောက်ရှိသွားသူများလည်းရှိပြီး အချို့မပြန်ရသေးတဲ့ စစ်ဘေးရှောင်ပြည်သူများလဲကျန်ရှိနေပါသေးသည်။နောက်ရက်များတွင်လဲ အဝေးရောက်ဧရာဝတီအသင်း OIAမှ ယခုကဲ့သို့ ထပ်မံသွားရောက်လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။
ယခုလို ကူညီနိူင်ရန် ဝင်ရောက်အားဖြည့် လှူဒါန်းပေးခဲ့ကြသော အလှူရှင်များနှင့် လုပ်အားဖြင့်လာရောက် ကူညီပေးခဲ့ကြသော Volunteer များကိုလဲ အဝေးရောက်ဧရာဝတီအသင်း OIAမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
အဝေးရောက်ဧရာဝတီအသင်း OIA
On April 22, 2024, Overseas Irrawaddy Association (OIA) prepared and delivered a total number of 360 meal boxes, 50 meal boxes from Daw Ei Ei Khaing, the donor, 200 breads and 110 platas for evening meals to the areas where the displaced civilians temporarily stayed. Among these displaced civilians, some went back to their hometowns and there are other displaced civilians who are not back yet. On the next days, Overseas Irrawaddy Association (OIA) is planning to donate more. To be able to assist like this, Overseas Irrawaddy Association (OIA) working group showed their gratitude to the donors who donated inspiringly and to the volunteers who actively participated with their workforces.
Overseas Irrawaddy Association

