English Below>>>
အဝေးရောက်ဧရာဝတီအသင်း OIAမှ ၁၀.၅.၂၀၂၄မှ စတင်ပြီးဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ဆူရှီပြုလုပ်နည်းသင်တန်းအပတ်စဥ်(၁)သင်တန်းဆင်းပွဲကို ၂၀၂၄ခုနှစ်၊မေလ(၁၆)ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲတွင် အဝေးရောက်ဧရာဝတီအသင်း OIA၏အတွင်းရေးမှူးကိုဖိုးသင်္ကြန်မှ သင်တန်းပြီးမြောက်အောင် တက်ရောက်ခဲ့ကြသော သင်တန်းသားများကို ကျေးဇူးတင်ရှိကြောင်း ၊ယခုပြုလုပ်ခဲ့သည့် သင်တန်းနှင့်ပတ်သက်သော သင်ထောက်ကူပစ္စည်းများကို OIAရဲ့ သင်တန်းကျောင်းတွင် ထားရှိပေးမည်ဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို ပစ္စည်းများလာရောက် ထုတ်ယူလို့ရကြောင်း နှင့်အခြားခွန်အားဖြစ်စေမည့်စကား များပြောကြားခဲ့ပြီး သင်တန်းသားများအပေါ် ဂရုတစိုက်နဲ့ သင်ကြားပြသပေးခဲ့သော နည်းပြဆရာမကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ဆက်လက်၍ သင်တန်းဆရာမမှသင်တန်းသားများအား Certificate များပေးအပ်ခြင်း၊ သင်တန်းဆရာမမှ သင်တန်းသားများအား နည်းပညာ အကူအညီလိုအပ်လျှင် အချိန်မရွေး ဆက်သွယ်နိူင်ကြောင်း ပြောကြားခဲ့ပြီးနောက် အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးပြီး သင်တန်းကိုအောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။
ယခုပြုလုပ်ခဲ့သည့် ဆူရှီပြုလုပ်နည်းသင်တန်းသည် OIA၏ အသက်မွေးဝမ်းကျောင်းပညာများမျှဝေခြင်းအစီစဉ်မှ အစီအစဉ်အစိတ်အပိုင်းတခုဖြစ်ပြီး သင်တန်းကာလ (7)ရက်အတွင်း နေထိုင်စားသောက်စားရိတ် ကို OIAမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။OIAသည် နောက်လများတွင်လည်း ကာလဒေသနှင့်ကိုက်ညီသောအသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများကို ဆက်လက်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
ဆူရှီပြုလုပ်နည်းသင်တန်းအပတ်စဉ်(၂)ကို(၅)လပိုင်းတွင်ဆက်လက်ဖွင့်လှစ်သင်ကြားပေးနိူင်ရန်OIAမှ စီစဉ်လျက်ရှိပါသည်။၎င်းသင်တန်းအပတ်စဉ်(၂)တွင် သင်တန်းကာလ (၄)ရက်ဖြင့် သင်တန်းသား(၁၀)ဦးကို လက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။
အဝေးရောက်ဧရာဝတီအသင်း OIA
The graduation ceremony of Making Sushi Class which was conducted by Overseas Irrawaddy Association (hereinafter referred as “OIA”) was held on May 16, 2024. At the graduation ceremony, Mr. Phoe Thingyan, General Secretary of OIA, expressed his gratitude to the trainees who completed the training and said that learning materials related with the class was kept at the training center and trainees will be permitted to use these learning materials at any time. Besides, he spoke motivational words to the trainees and awarded Certificate of Collaboration to the Training Lecturer. Continuously, trainees were awarded with Training Completion Certificate and the training lecturer permitted trainee to contact her at any time if they need technical support. Then, Making Sushi Class was successfully closed.
This training course was just a part of the Vocational Training Programs of OIA and OIA took all responsibilities for the costs of living and meals. Then, OIA is committed to conduct other vocational training courses which are the best fit with local employment opportunities in Mae Sot.
Then, OIA is preparing to continuously conduct Making Sushi Class Batch(2) on May, 2024. At Batch (2), a total number of 10 trainees will be accepted to learn during the training period of 4 days.
Overseas Irrawaddy Association