English Below>>>
အဝေးရောက်ဧရာဝတီအသင်း OIAသည် မြဝတီတိုက်ပွဲ အခြေအနေကြောင့် ပြောင်းရွှေ့လာရသော စစ်ဘေးရှောင်ပြည်သူများထံသို့ ထမင်းဘူးများ၊ရေသန့်နှင့်အခြားလိုအပ်ချက်များကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။စစ်ဘေးရှောင်ပြည်သူများသည် မြန်မာပြည်ဘက်ခြမ်းတွင် ပြောင်းရွှေ့နေထိုင်ရသော်လည်း မိမိတို့ နေရပ်သို့ မပြန်ရဲကြသေးသူများသည် ရေပူဂိတ်တွင် နေထိုင်လျက်ရှိရာ စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲအိမ်များ ဆောက်လုပ်ပေးရန်OIAမှ မြေနေရာများသွားရောက်ကြည့်ရှု့ခဲ့ပြီးနောက်27.5.2024ရက်နေ့တွင် အဝေးရောက်ဧရာဝတီအသင်း OIA မှ ယာယီတဲအိမ်ဆောက်လုပ်ရန် လိုအပ်သောပစ္စည်းများကို သွားရောက်ပို့ဆောင်ပေးခဲ့ပါသည်။28.5.2024ရက်မှ စတင်ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲအိမ်များ စတင်ဆောက်လုပ်လျက်ရှိပါသည်။အဆိုပါ ယာယီတဲအိမ်များ ဆောက်လုပ်ပြီးစီးသည်နှင့် တပြိုင်နက် အိမ်ထောင်စုအလိုက် ယာယီတဲအိမ်များတွင် ထားရှိသွားမည်ဖြစ်ပြီး ချက်ပြုတ်စားသောက်နိူင်ရန်၊သောက်သုံးရေ၊အိမ်သာနှင့်ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း မိတ်ဖက်အဖွဲ့အစည်းများ၊သက်ဆိုင်ရာအလှူရှင်များနှင့်ပူးပေါင်းကာ ဆက်လက်၍ဆောင်ရွက်သွားမည်ဖြစ်သည်။
#အဝေးရောက်ဧရာဝတီအသင်း OIA
Overseas Irrawaddy Association (OIA) had provided meal boxes, drinking water and other basic needs to the Internally Displaced Persons (IDPs) who moved according to the battle of Myawaddy. Although they moved and stayed at Burma Side, those who cannot come back to their native villages are currently staying at Yay Pu Gate. Therefore, OIA checked the ground conditions and took efforts to construct temporary shelters for these IDPs. On May 27, 2024, OIA had delivered the necessary items and equipment to construct temporary shelters. Start from May 28, 2024, the construction of the temporary shelters were being initiated for these IDPs. After the construction of temporary shelters, IDPs will be placed according to the households and OIA will cooperate with partner organizations, related donors and take efforts to provide these IDPs with basic needs such as drinking water, food, toilets and other healthcare services.
#Overseas Irrawaddy Association (OIA)

