(5)လပိုင်းအတွက်အရေးပေါ်ရိက္ခာဖြန့်ဝေပေးခြင်း

English Below>>>

ရိက္ခာအတွက်အထူးလိုအပ်သူမိသားစု(၄၂)စုအတွက်အ‌ရေးပေါ်ရိက္ခာဖြန့်ဝေခြင်းအစီအစဉ်ကိုအဝေးရောက်ဧရာဝတီအသင်းOIAမှ22.5.2024၊23.5.2024နှင့် 24.5.2024ရက်‌နေ့များတွင်‌လျှောက်ထားသူ ကာယကံရှင်များထံသို့ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ပါသည်။
ယခုဖြန့်‌ဝေပေးခဲ့သော အရေးပေါ်ရိက္ခာသည် မိသားစု (၄၂)စုအတွက် အခြေခံစားသောက်ကုန်များဖြစ်သောဆန်၊ဆီ၊ဆား၊ကြက်ဥ၊ခေါက်ဆွဲ‌ခြောက်၊ငါးသေတ္တာ၊ကြက်သားမှုန့်၊ငရုတ်သီးခြောက် ပစ္စည်း(၈)မျိုးပါ ရိက္ခာထုတ်များကို အိမ်ထောင်စု (၄၂)စု၊လူ‌ဦး‌ရေ (၁၆၉) ဦးအတွက် အထုတ်ရေ (၄၄)ထုတ်ကို ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး လစဥ်ပုံမှန်ဖြန့်ဝေရန်လည်း စီစဥ်ထားပါသည်။
ဤအစီအစဥ်သည် အသစ်ရောက်ရှိလာသူများအတွက်သာ ရည်ရွယ်၍စီစဥ်ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။
(5)လပိုင်းအတွက် အရေးပေါ်ရိက္ခာအစီအစဉ်သည် ဝေဌပြီးဖြစ်သောကြောင့် (6)လပိုင်းအ‌ရေးပေါ်ရိက္ခာ
အတွက်အသစ်ရောက်လာသူများအနေဖြင့် OIAသို့ ဆက်သွယ်ရမည့် ရုံးphoneနံပါတ်များသို့ ဆက်သွယ်လျှောက်ထားနိူင်ပါသည်။
OIA ရုံး phone နံပါတ်များ
062 052 2773
094 874 6897
အဝေးရောက်ဧရာဝတီအသင်း OIA
#Household 42/population 169
 
With Emergency Food Assistance Program, OIA successfully distributed in-kind food items to the 42 applicant families. For a total population of 169 at-risk individuals (42 Families), OIA could distribute food packs including 8 in-kind food items such as Rice, Cooking Oil, Salt, Egg, Instant Noodle, Sardine Can, Chicken Powder, Dried Chili and aimed to distribute monthly. Since, Emergency Food Assistance Program for May, 2024 was successfully implemented, new arrivals can contact the following phone numbers of OIA staffs for the application of Emergency Food Assistance Program for June, 2024. 
 
OIA Office Phone Numbers 
062 052 2773
094 874 6897
 
Overseas Irrawaddy Association 

Leave a Reply

Your email address will not be published. Required fields are marked *