အဝေးရောက်ဧရာဝတီအသင်း (OIA) မှ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲ ကို မဲဆောက်ဆေးရုံကြီးတွင် ကျင်းပခဲ့

English Below>>> အဝေးရောက်ဧရာဝတီအသင်း OIA မှ နှစ်စဥ် ကျင်းပပြုလုပ်မြဲဖြစ်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်စုပေါင်းသွေးလှူပွဲကို ၂၀၂၄ ခုနှစ်၊ ၆ လပိုင်း ၁၉ ရက်နေ့တွင် မဲဆောာက်ဆေးရုံကြီး၌ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်၊၊ သွေးလှူပွဲတွင် ကြက်ဥ၊ အအေး၊ ထမင်းဘူးများ လာရောက်လှူဒါန်းပေးသည့် အလှူရှင်များ၊ တက်ရောာက်ပေးကြသူများနှင့် သွေးလာရောက် လှူဒါန်းပေးသူများအား အဝေးရောက်ဧရာဝတီအသင်း OIA မှအထူးပင် ကျေးဇူးတင်ရှိပါသည်၊၊ စုစုပေါင်းတက်ရောက်သူ ၂၅၀မှ၃၀၀ကြားရှိပြီးသွေးလှူဒါန်းသူ၂၀၀ခန့်မှ သွေးအလုံးရေ ၁၅၄လုံး လှူဒါန်းမှုပြုနိူင်ခဲ့ပါသည်။ အဝေးရောက်ဧရာဝတီအသင်း OIA #၁၉.၆.၂၀၂၄ #စုပေါင်းသွေးလှူဒါန်းပွဲ #၁၅၄လုံး   Overseas Irrawaddy Association (OIA) successfully conducted the Blood Donation Campaign which was dedicated for 79th Birthday of Daw …

ဆူရှီပြုလုပ်နည်းသင်တန်းအပတ်စဉ်(၃)သင်တန်းဖွင့်လှစ်ခြင်း

English Below>>>အဝေးရောက်ဧရာဝတီအသင်း OIAသည် 2024ခုနှစ် 1လပိုင်းတွင် အမျိုးသမီးစွမ်းရည်မြှင့် မော်တာစက်ချုပ်သင်တန်းအပတ်စဥ် (၉)၊2လပိုင်းတွင် အိမ်တွင်းမှုသက်မွေးပညာ ဆပ်ပြာဆီ၊ဆပ်ပြာခဲပြုလုပ်နည်း သင်တန်း၊3လပိုင်းတွင် လျှပ်စစ်ပစ္စည်းများပြုပြင်သည့်သင်တန်းနှင့် 5လပိုင်းတွင် ဆူရှီပြုလုပ်နည်းသင်တန်း အပတ်စဉ်(၁)နှင့်(၂)ကိုအောင်မြင်စွာသင်ကြား ပို့ချပေးနိူင်ခဲ့ပါသည်။ယခုတဖန် ဆူရှိီပြုလုပ်နည်း သင်တန်းအပတ်စဥ် (၃)ကို11.6.2024 ရက်နေ့တွင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလ 4 ရက်အတွက် သင်တန်းသား ၁၀ဦးအား သင်ကြားပို့ချပေးနေလျက်ရှိသည်။(7)လပိုင်းတွင် ချက်ပြုတ်နည်းသင်တန်းကိုသင်တန်းသား 10ဦး၊သင်တန်းကာလ(7)ရက်ဖြင့်ဆက်လက်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။အဝေးရောက်ဧရာဝတီအသင်း OIA#sushi training (3)#Population/10#June#OIA Overseas Irrawaddy Association had successfully conducted Motor Sewing Training Batch-9 on January, 2024, Making Hygiene Products and Soaps Training Batch-1 on February, Mechanical and Electrical Training Batch-1 on March, and …

အဝေးရောက်ဧရာဝတီအသင်း (OIA)မှ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ (HRD) များအတွက်(၆)လပိုင်းရိက္ခာအဖြစ်အခြေခံစားသောက်ကုန်များဖြန့်ဝေပေးခဲ့

English Below>>>ရိက္ခာအတွက်အထူးလိုအပ်သူမိသားစု(၄၅)စုအတွက်အ‌ရေးပေါ်ရိက္ခာဖြန့်ဝေခြင်းအစီအစဉ်ကိုအဝေးရောက်ဧရာဝတီအသင်းOIAမှ6.6.2024မှ7.6.2027ရက်‌နေ့များတွင်‌လျှောက်ထားသူ ကာယကံရှင်များထံသို့ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ပါသည်။ယခုဖြန့်‌ဝေပေးခဲ့သော အရေးပေါ်ရိက္ခာသည် မိသားစု (၄၅)စုအတွက် အခြေခံစားသောက်ကုန်များဖြစ်သောဆန်၊ဆီ၊ဆား၊ကြက်ဥ၊ခေါက်ဆွဲ‌ခြောက်၊ငါးသေတ္တာ၊ကြက်သားမှုန့်၊ငရုတ်သီးခြောက် ပစ္စည်း(၈)မျိုးပါ ရိက္ခာထုတ်များကို အိမ်ထောင်စု (၄၅)စု၊လူ‌ဦး‌ရေ (၁၀၈) ဦးအတွက် အထုတ်ရေ (၅၀)ထုတ်ကို ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး လစဥ်ပုံမှန်ဖြန့်ဝေရန်လည်း စီစဥ်ထားပါသည်။ဤအစီအစဥ်သည် အသစ်ရောက်ရှိလာသူများအတွက်သာ ရည်ရွယ်၍စီစဥ်ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။(၆)လပိုင်းအတွက် အရေးပေါ်ရိက္ခာအစီအစဉ်သည် ဝေဌပြီးဖြစ်သောကြောင့် (၇)လပိုင်းအ‌ရေးပေါ်ရိက္ခာအတွက်အသစ်ရောက်လာသူများအနေဖြင့် OIAသို့ ဆက်သွယ်ရမည့် ရုံးphoneနံပါတ်များသို့ ဆက်သွယ်လျှောက်ထားနိူင်ပါသည်။OIA ရုံး phone နံပါတ်များ-080 479 6456-094 874 6897-062 750 3730အဝေးရောက်ဧရာဝတီအသင်း OIA#OIA#Emergency Food#Household 45/population 108#June  With Emergency Food Assistance Program, OIA successfully distributed in-kind food items to the 45 applicant families. For a total …

ဆူရှီပြုလုပ်နည်းသင်တန်းအပတ်စဥ်(၂)သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခြင်း

English Below>>>အဝေးရောက်ဧရာဝတီအသင်း OIAမှ ၄.၆.၂၀၂၄မှ စတင်ပြီးဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ဆူရှီပြုလုပ်နည်းသင်တန်းအပတ်စဥ်(၂)သင်တန်းဆင်းပွဲကို ၂၀၂၄ခုနှစ်၊‌ဇွန်(၇)ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။သင်တန်းဆင်းပွဲ‌နေ့တွင်အဝေးရောက်ဧရာဝတီအသင်း OIA၏အတွင်းရေးမှူးကိုဖိုးသင်္ကြန်မှ သင်တန်းသားများနှင့်ရင်းရင်းနှီးနှီး‌တွေ့ဆုံပြီး သင်တန်းသားများလက်ရှိဖြတ်သန်းနေထိုင်နေရသောအခြေအနေများကို ပွင့်လင်းစွာဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။သင်တန်းဆင်းပွဲအခမ်းအနားတွင် တွဲဖက်အတွင်းရေးမှူး ကိုအောင်မင်းစိုးမှ သင်တန်းပြီးမြောက်အောင် တက်ရောက်ခဲ့ကြသော သင်တန်းသားများကို ကျေးဇူးတင်ရှိကြောင်း ၊ယခုပြုလုပ်ခဲ့သည့် သင်တန်းနှင့်ပတ်သက်သော သင်ထောက်ကူပစ္စည်းများကို OIAရဲ့ သင်တန်းကျောင်းတွင် ထားရှိပေးမည်ဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို ပစ္စည်းများလာရောက် ထုတ်ယူလို့ရကြောင်း နှင့်အခြားခွန်အားဖြစ်စေမည့်စကား များပြောကြားခဲ့ပြီး သင်တန်းသားများအပေါ် ဂရုတစိုက်နဲ့ သင်ကြားပြသပေးခဲ့သော နည်းပြဆရာမကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ဆက်လက်၍ သင်တန်းဆရာမမှသင်တန်းသားများအား Certificate များပေးအပ်ခြင်း၊ သင်တန်းဆရာမမှ သင်တန်းသားများအား နည်းပညာ အကူအညီလိုအပ်လျှင် အချိန်မရွေး ဆက်သွယ်နိူင်ကြောင်း ပြောကြားခဲ့ပြီးနောက် အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးပြီး သင်တန်းကိုအောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။ယခုပြုလုပ်ခဲ့သည့် ဆူရှီပြုလုပ်နည်းသင်တန်းအပတ်စဥ်(၃)သည် OIA၏ အသက်မွေးဝမ်းကျောင်းပညာများမျှဝေခြင်းအစီစဉ်မှ အစိတ်အပိုင်းတခုဖြစ်ပြီး သင်တန်းကာလ (၄)ရက်အတွင်း နေထိုင်စားသောက်စားရိတ် ကို OIAမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။OIAသည် နောက်လများတွင်လည်း …

ဆူရှီပြုလုပ်နည်းသင်တန်းအပတ်စဉ်(၂)သင်တန်းဖွင့်လှစ်ခြင်း

English Below>>>အဝေးရောက်ဧရာဝတီအသင်း OIAသည် 2024ခုနှစ် 1လပိုင်းတွင် အမျိုးသမီးစွမ်းရည်မြှင့် မော်တာစက်ချုပ်သင်တန်းအပတ်စဥ် (၉)၊2လပိုင်းတွင် အိမ်တွင်းမှုသက်မွေးပညာ ဆပ်ပြာဆီ၊ဆပ်ပြာခဲပြုလုပ်နည်း သင်တန်း၊3လပိုင်းတွင် လျှပ်စစ်ပစ္စည်းများပြုပြင်သည့်သင်တန်းနှင့် 5လပိုင်းတွင် ဆူရှီပြုလုပ်နည်းသင်တန်း အပတ်စဉ်(၁)ကိုအောင်မြင်စွာသင်ကြား ပို့ချပေးနိူင်ခဲ့ပါသည်။ယခုတဖန် ဆူရှိီပြုလုပ်နည်း သင်တန်းအပတ်စဥ် (၂)ကို3.6.2024 ရက်နေ့တွင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလ 4 ရက်အတွက် သင်တန်းသား ၁၀ဦးအား သင်ကြားပို့ချပေးနေလျက်ရှိသည်။အဝေးရောက်ဧရာဝတီအသင်း OIA#sushi#Population/10#June#OIA Overseas Irrawaddy Association had successfully conducted Motor Sewing Training Batch-9 on January, 2024, Making Hygiene Products and Soaps Training Batch-1 on February, Mechanical and Electrical Training Batch-1 on March, and Making Sushi Class Batch-1 …

စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲအိမ်များ ဆောက်လုပ်ပေးခြင်း

English Below>>> အဝေးရောက်ဧရာဝတီအသင်း OIAသည် မြဝတီတိုက်ပွဲ အခြေအနေကြောင့် ပြောင်းရွှေ့လာရသော စစ်ဘေးရှောင်ပြည်သူများထံသို့ ထမင်းဘူးများ၊ရေသန့်နှင့်အခြားလိုအပ်ချက်များကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။စစ်ဘေးရှောင်ပြည်သူများသည် မြန်မာပြည်ဘက်ခြမ်းတွင် ပြောင်းရွှေ့နေထိုင်ရသော်လည်း မိမိတို့ နေရပ်သို့ မပြန်ရဲကြသေးသူများသည် ရေပူဂိတ်တွင် နေထိုင်လျက်ရှိရာ စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲအိမ်များ ဆောက်လုပ်ပေးရန်OIAမှ မြေနေရာများသွား‌ရောက်ကြည့်ရှု့ခဲ့ပြီး‌‌နောက်27.5.2024ရက်နေ့တွင် အဝေးရောက်ဧရာဝတီအသင်း OIA မှ ယာယီတဲအိမ်ဆောက်လုပ်ရန် လိုအပ်သောပစ္စည်းများကို သွားရောက်ပို့ဆောင်ပေးခဲ့ပါသည်။28.5.2024ရက်မှ စတင်ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲအိမ်များ စတင်ဆောက်လုပ်လျက်ရှိပါသည်။အဆိုပါ ယာယီတဲအိမ်များ ဆောက်လုပ်ပြီးစီးသည်နှင့် တပြိုင်နက် အိမ်ထောင်စုအလိုက် ယာယီတဲအိမ်များတွင် ထားရှိသွားမည်ဖြစ်ပြီး ချက်ပြုတ်စားသောက်နိူင်ရန်၊သောက်သုံး‌ရေ၊အိမ်သာနှင့်ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း မိတ်ဖက်အဖွဲ့အစည်းများ၊သက်ဆိုင်ရာအလှူရှင်များနှင့်ပူးပေါင်းကာ ဆက်လက်၍ဆောင်ရွက်သွားမည်ဖြစ်သည်။ #အဝေးရောက်ဧရာဝတီအသင်း OIA Overseas Irrawaddy Association (OIA) had provided meal boxes, drinking water and other basic needs to the Internally Displaced Persons …

(5)လပိုင်းအတွက်အရေးပေါ်ရိက္ခာဖြန့်ဝေပေးခြင်း

English Below>>> ရိက္ခာအတွက်အထူးလိုအပ်သူမိသားစု(၄၂)စုအတွက်အ‌ရေးပေါ်ရိက္ခာဖြန့်ဝေခြင်းအစီအစဉ်ကိုအဝေးရောက်ဧရာဝတီအသင်းOIAမှ22.5.2024၊23.5.2024နှင့် 24.5.2024ရက်‌နေ့များတွင်‌လျှောက်ထားသူ ကာယကံရှင်များထံသို့ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ပါသည်။ယခုဖြန့်‌ဝေပေးခဲ့သော အရေးပေါ်ရိက္ခာသည် မိသားစု (၄၂)စုအတွက် အခြေခံစားသောက်ကုန်များဖြစ်သောဆန်၊ဆီ၊ဆား၊ကြက်ဥ၊ခေါက်ဆွဲ‌ခြောက်၊ငါးသေတ္တာ၊ကြက်သားမှုန့်၊ငရုတ်သီးခြောက် ပစ္စည်း(၈)မျိုးပါ ရိက္ခာထုတ်များကို အိမ်ထောင်စု (၄၂)စု၊လူ‌ဦး‌ရေ (၁၆၉) ဦးအတွက် အထုတ်ရေ (၄၄)ထုတ်ကို ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး လစဥ်ပုံမှန်ဖြန့်ဝေရန်လည်း စီစဥ်ထားပါသည်။ဤအစီအစဥ်သည် အသစ်ရောက်ရှိလာသူများအတွက်သာ ရည်ရွယ်၍စီစဥ်ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။(5)လပိုင်းအတွက် အရေးပေါ်ရိက္ခာအစီအစဉ်သည် ဝေဌပြီးဖြစ်သောကြောင့် (6)လပိုင်းအ‌ရေးပေါ်ရိက္ခာအတွက်အသစ်ရောက်လာသူများအနေဖြင့် OIAသို့ ဆက်သွယ်ရမည့် ရုံးphoneနံပါတ်များသို့ ဆက်သွယ်လျှောက်ထားနိူင်ပါသည်။OIA ရုံး phone နံပါတ်များ062 052 2773094 874 6897အဝေးရောက်ဧရာဝတီအသင်း OIA#OIA#Emergency Food#Household 42/population 169#May With Emergency Food Assistance Program, OIA successfully distributed in-kind food items to the 42 applicant families. For a total …

အဝေးရောက်ဧရာဝတီအသင်း OIA မှ ဖွင့်လှစ်ထားသော Safehouse များမှ ယာယီအဆောင်မှူးများနှင့်တွေ့ဆုံ

English Below>>> အဝေးရောက်ဧရာဝတီအသင်း OIAမှ ဖွင့်လှစ်ထားသော Safehouse များမှ ယာယီအဆောင်မှူများနှင့်ရုံးအဖွဲ့သည် ၂၂ ၊ ၅ ၊ ၂၀၂၄ ( ဗုဒ္ဓဟူးနေ့ ) ညနေ ၄း၀၀ နာရီတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။တွေ့ဆုံပွဲတွင် OIA အတွင်းရေးမှူး ကိုဖိုးသင်္ကြန်မှ ယာယီအဆောင်မှူးများအားလက်ရှိရင်ဆိုင်နေရသော အခြေအနေများ ၊ ရှေ့ဆက်လုပ်ဆောင်ရန်ရည်ရွယ်ထားသည်များကိုပြောကြားပီး တာဝန်ခံများမှ ပွင့်ပွင့်လင်းလင်းပြန်လည်ဆွေးနွေးကာ ညှိနှိုင်းအဖြေထုတ်ခဲ့ကြသည် ။ဆက်လက်၍ Safehouse Officer ကိုဇာနည်ထွန်းက ရှေ့ဆက်လုပ်ဆောင်ရမည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးအတည်ပြုခဲ့သည်။ထို့နောက် ကိုဖိုးသက်ြန်မှ Safehouse တွင်နေထိုင်ရသူများအတွက် ရိက္ခာ ၊ ဆေးဝါး နှင့် မိုးတွင်းကာလအတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်သည်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။အဝေးရောက်ဧရာဝတီအသင်း OIA#OIA#SafehouseProgram#Meeting Overseas Irrawaddy Association conducted meeting with Safehouse Wardens at 16:00 …

စစ်ဘေးရှောင်ပြည်သူများအတွက် မိုးတွင်းကာလတွင် နေထိုင်ရေးပိုမိုအဆင်ပြေစေရန် အဝေးရောက်ဧရာဝတီအသင်း (OIA) မှ ယာယီတဲအိမ်များ ဆောက်လုပ်လှူဒါန်းရန် စီစဥ်လျက်ရှိ

English Below>>>အဝေးရောက်ဧရာဝတီအသင်း OIAသည် မြဝတီတိုက်ပွဲ အခြေအနေကြောင့် ပြောင်းရွှေ့လာရသော စစ်ဘေးရှောင်ပြည်သူများထံသို့ ထမင်းဘူး9302ဘူး၊ရေသန့်နှင့်အခြားလိုအပ်ချက်များကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။စစ်ဘေးရှောင်ပြည်သူများသည် မြန်မာပြည်ဘက်ခြမ်းတွင် ပြောင်းရွှေ့နေထိုင်နေရသော်လည်း မိမိတို့ နေရပ်သို့ မပြန်ရဲကြသေးသူများသည် ရေပူဂိတ်တွင် နေထိုင်လျက်ရှိရာ စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲအိမ်များ ဆောက်လုပ်ပေးရန် OIAမှစီစဥ်လျက်ရှိပီး မြေနေရာများသွားရောက်ကြည့်ရှု့ပြီးပြီဖြစ်ပါသည်။၁၉.၅.၂၀၂၄ ‌ရက်တွင် OIAမှ ယာယီတဲအိမ် နမူနာကို ဆောက်လုပ်ခဲ့ပါသည်။အောက်ဖော်ပြပါ အိမ်သည် အဆိုပါစစ်ဘေးရှောင်ပြည်သူများ မိုးတွင်းကာလတွင် အဆင်ပြေစေရန်ရည်ရွယ်၍ OIAမှ ဆောက်လုပ်ပေးမည့် ယာယီတဲအိမ်ပုံစံဖြစ်ပါသည်။ယာယီတဲအိမ်ဆောက်လုပ်ပေးနိူင်ရန် လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များကိုလည်း OIA မှ အထူးပင်ကျေးဇူးတင်ရှိပြီး အိမ်လုံး (၁၀၀)ဆောက်လုပ်ပေးနိူင်ရန် ပြင်ဆင်လျက်ရှိပါသည်။၁၀ပေပတ်လည်၊အခင်းအကာ ဝါးကြမ်းထမင်းဟင်းချက်ရန် ၁၀ပေ ၆ပေအလှူရှင်များ၏ ပံ့ပိုးမှုဖြင့် OIAမှ ကနဦးဆောက်လုပ်ရန် လျာထားအလုံးရေ ၁၀၀၁လုံးအတွက်ကုန်ကျစရိတ် ၅၅၀၀ဘတ်။အဝေးရောက်ဧရာဝတီအသင်း OIA Overseas Irrawaddy Association (OIA) assisted a total number of 9,302 …

အဝေးရောက်ဧရာဝတီအသင်း (OIA) မှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ဆူရှီပြုလုပ်နည်းသင်တန်း အပတ်စဥ် (၁) အောင်မြင်စွာ ကျင်းပပြီးစီး

English Below>>> အဝေးရောက်ဧရာဝတီအသင်း OIAမှ ၁၀.၅.၂၀၂၄မှ စတင်ပြီးဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ဆူရှီပြုလုပ်နည်းသင်တန်းအပတ်စဥ်(၁)သင်တန်းဆင်းပွဲကို ၂၀၂၄ခုနှစ်၊‌မေလ(၁၆)ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။သင်တန်းဆင်းပွဲတွင် အဝေးရောက်ဧရာဝတီအသင်း OIA၏အတွင်းရေးမှူးကိုဖိုးသင်္ကြန်မှ သင်တန်းပြီးမြောက်အောင် တက်ရောက်ခဲ့ကြသော သင်တန်းသားများကို ကျေးဇူးတင်ရှိကြောင်း ၊ယခုပြုလုပ်ခဲ့သည့် သင်တန်းနှင့်ပတ်သက်သော သင်ထောက်ကူပစ္စည်းများကို OIAရဲ့ သင်တန်းကျောင်းတွင် ထားရှိပေးမည်ဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို ပစ္စည်းများလာရောက် ထုတ်ယူလို့ရကြောင်း နှင့်အခြားခွန်အားဖြစ်စေမည့်စကား များပြောကြားခဲ့ပြီး သင်တန်းသားများအပေါ် ဂရုတစိုက်နဲ့ သင်ကြားပြသပေးခဲ့သော နည်းပြဆရာမကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ဆက်လက်၍ သင်တန်းဆရာမမှသင်တန်းသားများအား Certificate များပေးအပ်ခြင်း၊ သင်တန်းဆရာမမှ သင်တန်းသားများအား နည်းပညာ အကူအညီလိုအပ်လျှင် အချိန်မရွေး ဆက်သွယ်နိူင်ကြောင်း ပြောကြားခဲ့ပြီးနောက် အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးပြီး သင်တန်းကိုအောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။ယခုပြုလုပ်ခဲ့သည့် ဆူရှီပြုလုပ်နည်းသင်တန်းသည် OIA၏ အသက်မွေးဝမ်းကျောင်းပညာများမျှဝေခြင်းအစီစဉ်မှ အစီအစဉ်အစိတ်အပိုင်းတခုဖြစ်ပြီး သင်တန်းကာလ (7)ရက်အတွင်း နေထိုင်စားသောက်စားရိတ် ကို OIAမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။OIAသည် နောက်လများတွင်လည်း ကာလဒေသနှင့်ကိုက်ညီသောအသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများကို ဆက်လက်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။ဆူရှီပြုလုပ်နည်းသင်တန်းအပတ်စဉ်(၂)ကို‌(၅)လပိုင်းတွင်ဆက်လက်ဖွင့်လှစ်သင်ကြား‌ပေးနိူင်ရန်OIAမှ …

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊လက်ထုတ္တောကျေးရွာရှိ စစ်ကောင်စီ၏ အကြမ်း ဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရသည့် အပြစ်မဲ့ပြည်သူ(၃၃)ဉီး၏ မိသားစုဝင်များထံသို့ OIA မှ ထောက်ပံ့ကြေးပေးအပ်

English Below>>>၂၀၂၄ ခုနှစ်၊ မေလ(၁၁)ရက်နေ့တွင် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရသည့် မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာမှ ပြည်သူ(၃၃)ဉီး အတွက် OIAမှ ထောက်ပံ့ကြေးငွေ (၁)ဉီးလျှင်တသိန်း (၁၀၀၀၀၀)ကျပ်နှုံးဖြင့်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ပွဲချင်းပြီးသေဆုံးခဲ့သူ(၃၂)ဉီးနှင့် ဒါဏ်ရာများကြောင့် နောက်တနေ့တွင်သေဆုံးခဲ့သူ(၁)ဉီး စုစုပေါင်း (၃၃)ဉီးအတွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ထောက်ပံ့ပေးအပ်မှုများကို အဝေးရောက်ဧရာဝတီအသင်း OIA (အထက်မြန်မာပြည်ဌာန)မှ တဆင့်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဒါဏ်ရာကြောင့် ထပ်မံသေဆုံးသူများလည်း ဆက်ရှိနေသေးကြောင်း OIAမှ သိရှိရသည်။ On May 11, 2024, Overseas Irrawaddy Association (OIA) supported 100,000 Myanmar Kyats per civilian to 33 civilians who passed away due to the brutal killings of the armed forces of SAC at …

ထိုင်းနိုင်ငံတော်လုံခြုံရေးကော်မရှင် နယ်စပ်ရေးရာဌာန ဥက္ကဌ Mr.Rangsiman Rome ၏ ဖိတ်ကြားချက်အရ ထိုင်း-မြန်မာနယ်စပ်ရှိ ရွေ့ပြောင်းလာသူများအရေး၊နယ်စပ်ကုန်သွယ်ရေးနှင့်စိန်ခေါ်မှုများအကြောင်း ဆွေးနွေးပွဲကို OIA မှတက်ရောက်ဆွေးနွေး

English Below>>>                       ထိုင်းနိုင်ငံတော်လုံခြုံရေးကော်မရှင် နယ်စပ်ရေးရာဌာန ဥက္ကဌ Mr. Rangsiman Rome နှင့် ထိုင်းအောက်လွှတ်တော်အမတ်များမှဉီးဆောင်ပြုလုပ်သော ထိုင်း-မြန်မာနယ်စပ်တာခ်ခရိုင်ရှိ ရွေ့ပြောင်းအလုပ်သမားများကိစ္စ၊မြန်မာ ဘက်ခြမ်းတိုက်ပွဲများကြောင့်ပြောင်းရွေ့လာသည့် စစ်ဘေးရှောင်များကိစ္စ၊သ တင်းအချက်အလက်ကန့်သတ်မှုများ၊နယ်စပ်ကုန်သွယ်ရေးနှင့်စိန်ခေါ်မှုများအကြောင်း ဆွေးနွေးပွဲကို ယနေ့ မေလ(၁၂)ရက်နေ့တွင်ကျင်းပခဲ့ရာOIA မှတက်ရောက်ဆွေးနွေးခဲ့သည်။                       ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံတော်လုံခြုံရေးကော်မရှင် နယ်စပ်ရေးရာဌာန ဥက္ကဌ Mr.Rangsiman Romeမှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး သက်ဆိုင်သူများမှ ရွေးပြောင်းလာသူများအ‌ရေး၊နယ်စပ်ကုန်သွယ်ရေး၊တရား မဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းများ၊စစ်ဘေးရှောင်များကိစ္စ၊ဒုက္ခသည်စခန်းများကိစ္စ အစရှိသဖြင့်ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြသည်။ဆွေးနွေးပွဲတွင် OIAမှဆွေးနွေးတင်ပြရာတွင် နိုင်ငံရေးအခြေအနေများ ကြောင့် ပြောင်းရွေ့လာသည့် လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်သူများအရေး ၊နယ်စပ်စစ်ဘေးရှောင်ပြည်သူများအရေးတို့ကိုအဓိကထားဆွေးနွေးခဲ့ပြီး ဖော်ပြပါ အချက်(၃)ချက်ကို သက်ဆိုင်ရာများမှဆောင်ရွက်နိုင်ပါရန် အထူးပြု …

အဝေးရောက်ဧရာဝတီအသင်း (OIA) မှ မြန်မာ့လူ့အခွင့်အရေးကာကွယ်သူ (HRDs) များအတွက်အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်သော ဆူရှီပြုလုပ်နည်းသင်တန်းအပတ်စဉ်(၁)သင်တန်းကို ဖွင့်လှစ်

English Below>>>OIA-မေလ (၁၀)ရက်၊၂၀၂၄ခုနှစ်။အဝေးရောက်ဧရာဝတီအသင်း OIAသည် 2024ခုနှစ် 1လပိုင်းတွင် အမျိုးသမီးစွမ်းရည်မြှင့် မော်တာစက်ချုပ်သင်တန်းအပတ်စဥ် (၉)၊2လပိုင်းတွင် အိမ်တွင်းမှုသက်မွေးပညာ ဆပ်ပြာဆီ၊ဆပ်ပြာခဲပြုလုပ်နည်းသင်တန်းနှင့် 3လပိုင်းတွင် လျှပ်စစ်ပစ္စည်းများပြုပြင်သည့်သင်တန်းများကိုလည်း အောင်မြင်စွာသင်ကြား ပို့ချပေးနိူင်ခဲ့ပါသည်။ယခုတဖန် ဆူရှိီပြုလုပ်နည်း သင်တန်းအပတ်စဥ် (၁)ကို10.5.2024 ရက်နေ့တွင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလ 7 ရက်အတွက် သင်တန်းသား ၁၀ဦးအား သင်ကြားပို့ချပေးနေလျက်ရှိသည်။အဝေးရောက်ဧရာဝတီအသင်း OIA#sushi#Population/10#May#OIA Overseas Irrawaddy Association (OIA) successfully provided Women Empowerment – Motor Sewing Training Course Batch (9) on January, 2024, Making Hygiene Products including solid and liquid soaps Batch (1) on February, 2024, and Repairing and Maintenance …

ကရင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာရသော စစ်ရှောင်ပြည်သူများအတွက် Federation of informal workers ( Thailand )နှင့် Network Of Domestic Workers in Thailand(ထိုင်းနိုင်ငံ အိမ်တွင်းအလုပ်သမားများကွန်ရက်) မှ OIA သို့ လှူဒါန်း

OIA၊မေလ ၅ရက်၊၂၀၂၄ခုနှစ်။ ကရင်ပြည်နယ်၊မြဝတီတိုက်ပွဲအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်လာရသော စစ်ဘေးရှောင်ပြည်သူများရှိရာသို့ အဝေးရောက်ဧရာဝတီအသင်း OIAမှ 21.4.2024မှ 4.5.2024ရက်နေ့အထိ ထမင်းဘူး9032၊ရေသန့်ဘူးများ၊‌စားစရာနှင့်အခြားလိုအပ်ချက်များကို သွားရောက်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။4.5.2024ရက်နေ့တွင်Federation of informal workers ( Thailand )နှင့် Network Of Domestic Workers in Thailand(ထိုင်းနိုင်ငံ အိမ်တွင်းအလုပ်သမားများကွန်ရက်)မှ OIAသို့လာရောက်ပြီး ဆန်၊ဆီ၊ငါးသေတ္တာ၊ခေါက်ဆွဲ၊အဝတ်အစားများလှူဒါန်း‌ပေးခဲ့ပြီး၊ 5.5.2024ရက်နေ့တွင် ဆေး၊အမျိုးသမီးလစဉ်သုံးများ ကိုထပ်မံလာရောက်လှူဒါန်း‌ေပးခဲ့သည့် အတွက် အဝေးရောက်ဧရာဝတီအသင်းOIA မှ အထူးပင်ကျေးဇူးတင်ရှိပြီး ဤမှတ်တမ်းလွှာဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။လက်ခံရရှိထားသော ပစ္စည်းများကိုလဲစစ်ဘေးရှောင်စခန်းတွင် ယာယီတဲအိမ်များ ဆောက်လုပ်ပေးပြီးသည်နှင့်ဆက်လက်၍ ထောက်ပံ့ပေးမှုများပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ အဝေးရောက်ဧရာဝတီအသင်း-OIA From April 21, 2024 to March 5, 2024, Overseas Irrawaddy Association (OIA) could successfully provided a total number of 9,032 meal boxes, drinking …

အရေးပေါ်ပြောင်းရွှေ့လာရသော စစ်ဘေးရှောင်ပြည်သူများထံသို့ အဝေးရောက်ဧရာဝတီအသင်း(OIA) မှ သွားရောက်ကူညီလျက်ရှိ

English Below >>>မြဝတီတိုက်ပွဲအခြေအနေကြောင့် အရေး‌ပေါ်ပြောင်းရွှေ့လာရသော စစ်ဘေးရှောင်ပြည်သူများထံသို့ 22.4.2024ရက်နေ့တွင် အဝေးရောက်ဧရာဝတီအသင်း OIAမှ ထမင်းဘူး 360၊အလှူရှင် ဒေါ်အိအိခိုင်မှ ထမင်းဘူး 50 စုစုပေါင်း ထမင်းဘူးရေ 410 ၊ပေါင်မုန့် 200နှင့်ပလာတာ 110ခု တို့ကို ညနေစာအတွက်စစ်ဘေးရှောင်ပြည်သူများရှိရာ နေရာနှစ်ခုသို့ သွားရောက်ပို့ဆောင်ပေးခဲ့ပါသည်။‌နေရပ်သို့ပြန်လည်ရောက်ရှိသွားသူများလည်းရှိပြီး အချို့မပြန်ရသေးတဲ့ စစ်ဘေးရှောင်ပြည်သူများလဲကျန်ရှိနေပါသေးသည်။နောက်ရက်များတွင်လဲ အဝေးရောက်ဧရာဝတီအသင်း OIAမှ ယခုကဲ့သို့ ထပ်မံသွားရောက်လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။ယခုလို ကူညီနိူင်ရန် ဝင်ရောက်အားဖြည့် လှူဒါန်းပေးခဲ့ကြသော အလှူရှင်များနှင့် လုပ်အားဖြင့်လာရောက် ကူညီပေးခဲ့ကြသော Volunteer များကိုလဲ အဝေးရောက်ဧရာဝတီအသင်း OIAမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။အဝေးရောက်ဧရာဝတီအသင်း OIA#စစ်ဘေးရှောင်ပြည်သူများ#ထမင်းဘူး 410#OIA#22.4.2024 On April 22, 2024, Overseas Irrawaddy Association (OIA) prepared and delivered a total number of 360 meal boxes, 50 …

မြဝတီ တိုက်ပွဲ အခြေအနေကြောင့် အရေးပေါ်ပြောင်းရွှေ့လာရသော စစ်ဘေးရှောင်ပြည်သူများထံသို့ အဝေးရောက်ဧရာဝတီအသင်း(OIA)မှ သွားရောက်ကူညီပေးလျက်ရှိ

English Below>>>မြဝတီတိုက်ပွဲအခြေအနေကြောင့် ပြောင်းရွှေ့လာရသော စစ်ဘေးရှောင်ပြည်သူများထံသို့ 21.4.2024ရက်နေ့တွင် အဝေးရောက်ဧရာဝတီအသင်း OIAမှ မနက်ပိုင်းတွင် ထမင်းဘူး 1000နှင့် ညနေပိုင်းတွင် ထမင်းဘူး 1200 စုစုပေါင်း ထမင်းဘူးရေ 2200၊ရေနှင့် အခြားလိုအပ်ချက်များကို စစ်ဘေးရှောင်ပြည်သူများထံသို့ သွားရောက်ပို့ဆောင်ပေးခဲ့ပါသည်။ယခုလို ကူညီနိူင်ရန် ဝင်ရောက်အားဖြည့် လှူဒါန်းပေးခဲ့ကြသော အလှူရှင်များနှင့် လုပ်အားဖြင့်လာရောက် ကူညီပေးခဲ့ကြသော Volunteer များကိုလဲ အဝေးရောက်ဧရာဝတီအသင်း OIAမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။အဝေးရောက်ဧရာဝတီအသင်း OIA#စစ်ဘေးရှောင်ပြည်သူများ#ထမင်းဘူး ၂၂၀၀#OIA#21.4.2024 On the early morning of April 21, 2024, Overseas Irrawaddy Association (OIA) assisted a total number of 2,200 meal boxes and other necessary items to displaced civilians in emergency …

အရေးပေါ်ပြောင်းရွှေ့လာသူများအတွက် အရေးပေါ်ရိက္ခာများ ဖြန့်ဝေပေးခြင်း

English Below>>> အရေးပေါ်ပြောင်းရွှေ့လာသူများအတွက်အရေးပေါ်ရိက္ခာဖြန့်ဝေခြင်းအစီအစဉ်ကိုအဝေးရောက်ဧရာဝတီအသင်းOIAမှ 3လပိုင်း 21,22,23,25,26,27,28 ရက်နေ့များတွင်လျှောက်ထားသူ ကာယကံရှင်များထံသို့ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ပါသည်။ ယခုဖြန့်ဝေပေးခဲ့သည့် အရေးပေါ်ရိက္ခာသည် အိမ်ထောင်စု 158စု အတွက်ဆန်၊ဆီ၊ဆား၊ငါးသေတ္တာ၊ငရုတ်သီးခြောက်၊ကြက်ဥ၊ခေါက်ဆွဲခြောက်၊ကြက်သားမှုန့် အစရှိသော အခြေခံစားသောက်ကုန်များပါဝင်သောပစ္စည်း(၈)မျိုးပါ အထုတ်ရေ (216)ထုတ်ကို ဖြန့်ဝေခဲ့ခြင်းဖြစ်ပါသည်။ ဤအစီအစဥ်သည် ပုံမှန်ရိက္ခာဖြန့်ဝေသည့်အစီအစဥ်တွင် တခါမှပါဝင်ဖူးခြင်းမရှိသူများနှင့်အရေးပေါ်ပြောင်းရွေ့လာသူများအတွက် ရည်ရွယ်၍စီစဥ်ဆောင်ရွက်ထားခြင်းဖြစ်သည်။ လက်တလောမှာ ရိက္ခာအစီအစဉ်ကို ခေတ္တရပ်နားထားပါသေးသည်။ ဖြန့်ဝေမည့် အစီအစဉ်ရှိလျှင် OIAရဲ့ Private Group မှာပဲ ထပ်မံကြေညာ ပေးမည်ဖြစ်ပါသည်။ အဝေးရောက်ဧရာဝတီအသင်း OIA #OIA#Emergency Food#Household /158#March Overseas Irrawaddy Association (OIA) conducted emergency food assistance program for the displaced people with emergency concerns and successfully distributed to the …

မြဝတီမြို့နယ်၊မင်းလက်ပံကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများတွင် ဝမ်းရောဂါများဖြစ်ပွါးနေပြီး OIAမှ ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်ပြုလုပ်

English Below>>>ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံကျေးရွာအနီးရှိ စစ်ဘေးရှောင်များခိုလုံရာနေရာတွင် ဝမ်းပျတ်ဝမ်းလျှောရောဂါဖြစ်ပွါးလျက်ရှိကြောင်း OIAသို့ ဆက်သွယ်အကူညီတောင်းလာရာ OIAမှ ကျန်းမာရေးစောင့်ရှောက်မှု အလျင်အမြန်သွားရောက်ပြုလုပ်ပေးခဲ့သည်။အဆိုပါစစ်ဘေးရှောင်နေရာတွင် ပုံသေစစ်ဘေးရှောင်ဦးရေ (၃၀၀)ကျော်ရှိပြီး၊ညပိုင်းမှလာရောက်ရှောင် တိမ်းသူ(စာရင်းမသိ)များလည်း ရှိကြောင်းသိရသည်။ယခု အခါ ဝမ်းပျတ်ဝမ်းလျှောရောဂါခံစားနေရသူ (၁၅)ဦးခန့်ရှိ ပြီး အိမ်သာမလုံလောက်မှု၊သုံးစွဲရသည့်ရေ မသန့်ရှင်းမှု၊အမိုးအကာမလုံလောက်မှု၊ဆေးဝါးနှင့် အစားအသောက် မလုံလောက်မှုများ ဖြစ်ပေါ်နေသည်။”ကျမတို့ဆီကို ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီထောက်ပံ့ထားတာမရှိပါဘူး၊ကျမတို့ကိုယ်ထူကိုယ် ထ စုပေါင်းပြီး လုပ်ဆောင်နေရတာပါ”ဟု စေတနာ့ဝန်ထမ်း ကျန်းမာရေးသူနာပြုဆရာမက OIAကို ပြောပြပြီး ၎င်းတို့ ၏လိုအပ်ချက်များကို တတ်နိုင်သမျှကူညီဖြည့်ဆည်းပေး ရန် စစ်ဘေးရှောင်ပြည်သူများကိုယ်စား အကူအညီတောင်း ခံသည်။OIAမှ လက်တလောအရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအချို့နှင့်အတူပါသွားသည့်ဧည်သည်တဦးမှ အ ရေးပေါ်သုံးအလှူငွေ (၅၀၀၀)ဘတ် ပေးအပ်ခဲ့ပြီး ကူညီစောင့်ရှောက်နိုင်မည့် နည်းလမ်းများကိုလည်း ဆက်လက်ရှာဖွေ ၍ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။ အဝေးရောက်ဧရာဝတီအသင်း (OIA)  Overseas Irrawaddy Association (hereinafter referred as “OIA”) was …

အဝေးရောက်ဧရာဝတီအသင်း OIAမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော လျှပ်စစ်ပစ္စည်းများ ပြုပြင်သည့်သင်တန်းဆင်းပွဲကို ၂၀၂၄ခုနှစ်၊မတ်လ၊၂၀ရက်နေ့ တွင်ကျင်းပပြုလုပ်

English Below>အဝေးရောက်ဧရာဝတီအသင်း OIAမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော လျှပ်စစ်ပစ္စည်းများ ပြုပြင်သည့်သင်တန်းဆင်းပွဲကို ၂၀၂၄ခုနှစ်၊မတ်လ၊၂၀ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းကာလကို 7ရက် သတ်မှတ်ထားသော်လည်း သင်တန်းသားများအား လက်တွေ့ပြုလုပ်ချိန်ပိုများစေရန် ရည်ရွယ်၍ သင်တန်းကာလ 3ရက်ထပ်တိုးပြီး သင်တန်းပို့ချပေးခဲ့ပါသည်။သင်တန်းဆင်းပွဲတွင် အဝေးရောက်ဧရာဝတီအသင်း OIA၏အတွင်းရေးမှူးကိုဖိုးသင်္ကြန်မှ သင်တန်းပြီးမြောက်အောင် တက်ရောက်ခဲ့ကြသော သင်တန်းသားများကို ကျေးဇူးတင်ရှိကြောင်း ၊ယခုပြုလုပ်ခဲ့သည့် သင်တန်းနှင့်ပတ်သက်သော သင်ထောက်ကူပစ္စည်းများကို OIAရဲ့ သင်တန်းကျောင်းတွင် ထားရှိပေးမည်ဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို ပစ္စည်းများလာရောက် ပြုပြင်လို့ရကြောင်း နှင့်အခြားခွန်အားဖြစ်စေမည့်စကား များပြောကြားခဲ့ပြီး သင်တန်းသားများအပေါ် ဂရုတစိုက်နဲ့ သင်ကြားပြသပေးခဲ့သော နည်းပြဆရာကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းသားများအား Certificate များပေးအပ်ခြင်း၊ သင်တန်းဆရာမှ သင်တန်းသားများအား နည်းပညာ အကူအညီလိုအပ်လျှင် အချိန်မရွေး ဆက်သွယ်နိူင်ကြောင်း ပြောကြားခဲ့ပြီးနောက် အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးပြီး သင်တန်းကိုအောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။ယခုပြုလုပ်ခဲ့သည့် လျှပ်စစ်ပစ္စည်းများပြုပြင်သင်တန်းသည် OIA၏ အသက်မွေးဝမ်းကျောင်းပညာများမျှဝေခြင်းအစီစဉ်မှ အစီအစဉ်အစိတ်အပိုင်းတခုဖြစ်ပြီး သင်တန်းကာလ (10)ရက်အတွင်း …

အဝေးရောက်ဧရာဝတီအသင်း(OIA)မှ မဲဆောက်ရောက် မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူလူငယ်များအတွက် အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်းများပြုပြင်ခြင်းသင်တန်းဖွင့်လှစ်

English Below>>>အဝေးရောက်ဧရာဝတီအသင်း OIAမှ 15.1.2024ရက်နေ့တွင် အမျိုးသမီးစွမ်းရည်မြှင့် မော်တာစက်ချုပ်သင်တန်းအပတ်စဥ် (၉)နှင့် 15.2.2024ရက်နေ့တွင် အိမ်တွင်းမှုသက်မွေးပညာ ဆပ်ပြာဆီ၊ဆပ်ပြာခဲပြုလုပ်နည်း သင်တန်းကို အောင်မြင်စွာသင်ကြား ပို့ချပေးနိူင်ခဲ့ပါသည်။ ယခုတဖန်လျှပ်စစ်ပစ္စည်းများ ပြုပြင်သည့်သင်တန်းကို11.3.2024 ရက်နေ့တွင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလ 7 ရက်အတွက် သင်တန်းသား ၁၀ဦးအား သင်ကြားပို့ချပေးနေလျက်ရှိသည်။ သင်တန်းကြားကာလအတွင်း အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်ရန်လာရောက် ပို့ဆောင်ထားသော ပစ္စည်းများအား သင်တန်းသားများကိုယ်တိုင် အခမဲ့ ပြုပြင်ပေးလျက် ရှိပါသည်၊၊ အဝေးရောက်ဧရာဝတီအသင်း OIA#Mechanical Repair Class#Population/10#March#OIA Overseas Irrawaddy Association (OIA) successfully conducted Women-Empowering Motor Sewing Training Batch (9) on January 15, 2024 and Making Hygiene Products and Soaps Training on February 15, 2024. …