အဝေးရောက်ဧရာဝတီအသင်း OIAမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အိမ်တွင်းမှုသက်မွေးပညာ(ဆပ်ပြာဆီ၊ဆပ်ပြာခဲ၊Scrub)ပြုလုပ်နည်းသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

English Below>>>အဝေးရောက်ဧရာဝတီအသင်း OIAမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အိမ်တွင်းမှုသက်မွေးပညာ(ဆပ်ပြာဆီ၊ဆပ်ပြာခဲ၊Scrub)ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ၊21ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။သင်တန်းဆင်းပွဲတွင် အဝေးရောက်ဧရာဝတီအသင်း OIA၏အတွင်းရေးမှူးကိုဖိုးသင်္ကြန်မှ သင်တန်းပြီးမြောက်အောင် တက်ရောက်ခဲ့ကြသော သင်တန်းသားများကို ကျေးဇူးတင်ရှိကြောင်း ၊ယခုပြုလုပ်ခဲ့သည့် သင်တန်းနှင့်ပတ်သက်သော သင်ထောက်ကူပစ္စည်းများကို OIAရဲ့ သင်တန်းကျောင်းတွင် ထားရှိပေးမည်ဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို Product များလာရောက် ထုတ်ယူလို့ရကြောင်း နှင့်အခြားခွန်အားဖြစ်စေမည့်စကား များပြောကြားခဲ့ပြီး သင်တန်းသားများအပေါ် ဂရုတစိုက်နဲ့ သင်ကြားပြသပေးခဲ့သော နည်းပြဆရာမကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ဆက်လက်၍တွဲဖက်အတွင်းရေးမှူး ကိုအောင်မင်းစိုး မှဦးဆောင်ပြီး သင်တန်းသားများအား Certificate များပေးအပ်ခြင်း၊ သင်တန်းဆရာမမှ သင်တန်းသားများအား နည်းပညာ အကူအညီလိုအပ်လျှင် အချိန်မရွေး ဆက်သွယ်နိူင်ကြောင်း ပြောကြားခဲ့ပြီးနောက် အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးပြီး သင်တန်းကိုအောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။ယခုပြုလုပ်ခဲ့သည့် အိမ်တွင်းမှုသက်မွေးပညာသင်တန်းသည် OIA၏ အသက်မွေးဝမ်းကျောင်းပညာများမျှဝေခြင်းအစီစဉ်မှ အစီအစဉ်အစိတ်အပိုင်းတခုဖြစ်ပြီး သင်တန်းကာလ (7)ရက်အတွင်း နေထိုင်စားသောက်စားရိတ် ကို OIAမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။OIAသည် နောက်လများတွင်လည်း ကာလဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများကို …

ရိက္ခာအခက်အခဲကြောင့်အကူအညီတောင်းလာသောစစ်ရှောင်ဧရိယာ (၂)ခုသို့ ဆန်အိတ်များပို့ဆောင်ခြင်း။

English Below>>>ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ စစ်ရှောင်ဧရိယာအချို့တွင် ရိက္ခာအခက်နှင့်ရင်ဆိုင်နေရကြောင်း OIAသို့ အကြောင်းကြားလာခဲ့ကြသည်။ယနေ့တွင် OIA သည် စစ်ရှောင်ဧရိယာ(၂)ခုသို့ ဆန်အိတ်အချို့ သွားရောက်မျှဝေပေးခဲ့ပြီး စစ်ရှောင်အရေးဆောင် ရွက်သူခေါင်းဆောင်အချို့နှင့်လည်းတွေ့ဆုံခဲ့သည်။ထိုသို့တွေ့ဆုံရာတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် အခြေအနေ များနှင့် စစ်ရှောင်စခန်းများအပေါ် သက်ရောက်လာနိုင် သည့် အခြေအခြေအနေများကိုပါ ကြိုတင်ပြင်ဆင်နိုင်ရန် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ယနေ့ပို့ဆောင်မှုတွင် OIAသည် ဆန်အိတ် (၁၆)အိတ်သာ ပို့ဆောင်နိုင်ခဲ့ပြီး ထပ်မံ၍ဆန်အိတ်များစုဆောင်းရရှိပါက ဆက်လက်ပို့ဆောင်မည်ဖြစ်ဖြစ်သည်။ အဝေးရောက်ဧရာဝတီအသင်း (OIA) OIA had been reported that insufficient food security conditions took place at the displaced areas located in Myawaddy Township, Karen State. Today, OIA could distribute rice bags to …

မြန်မာပြည်တွင်းဒေသအသီးသီးမှရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာခွဲတမ်းများဖြန့်ဝေပေးခြင်း

English Below>>>အဝေးရောက်ဧရာဝတီအသင်း OIAသည် မြန်မာပြည်တွင်းဒေသအသီးသီးမှရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ပါဝင်သော ရိက္ခာပစ္စည်းများကို 18/2/2024ရက်နေ့တွင် ဧရိယာအလိုက် စတင်ဖြန့်ဝေပေးခဲ့ပါသည်။ယနေ့တွင် မယ်တောင်ပိုင်၊မယ်ကုလွမ်၊မဲ့ကဆာ ဒေသများရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်၊ဆီ၊ငါးသေတ္တာ၊ပဲနှင့်ဆား အစရှိသည့် ရိက္ခာပစ္စည်းများကို သွားရောက် ဝေဌခဲ့ပါသည်။အရေးပေါ်ရွေ့ပြောင်းရောက်ရှိလာသော စစ်ဘေးရှောင်များ အတွက်ဖြစ်ပြီး တကိုယ်ရည်သုံး၊အခြားအခြေခံဆေးဝါး နှင့် အသုံးအဆောင်ပစ္စည်းများမျှဝေနိုင်ရေးအတွက်လည်း OIAမှ ကြိုးစားလျှက်ရှိပါသည်။ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံအနှံ့ဖြစ်ပွါးနေသောစစ်ပွဲ များကြောင့် စစ်ဘေးရှောင်ဦးရေ (၂)ဒသမ(၇ )သန်းကျော်ရှိပြီး၊ လူသားချင်းစာနာမှုအကူအညီ လိုအပ်သူဦးရေမှာ လည်း (၁၇)ဒသမ(၈)သန်းခန့်ရှိကြောင်း နိုင်ငံတကာ အဖွဲံအစည်းအချို့မှ ထုတ်ပြန်ထားသည်။ ဖြန့်ဝေပေးခဲ့သော လူဦးရေ = ၄၁၉ ဦး၊ အိမ်ထောင်စု = ၁၁၇ စုအဝေးရောက်ဧရာဝတီအသင်း OIA Overseas Irrawaddy Association (OIA) started distributing basic food items to displaced people from …

မြန်မာပြည်တွင်း ဒေသအသီးသီးမှ ရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများအတွက် အစားအစာနှင့်အဝတ်အထည်များပို့ဆောင်

English Below>>>အဝေးရောက်ဧရာဝတီအသင်း (OIA) သည် မြန်မာပြည်တွင်းဒေသအသီးသီးမှရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာခွဲတမ်းများကို ယနေ့တွင် ပို့ဆောင် မျှဝေပေးခဲ့သည်။ထိုင်းမြန်မာနယ်စပ်ရွာတရွာတွင်ရောက်ရှိနေသော စစ်ဘေး ရှောင် (၁၃၉)ဦးအတွက်စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အခြားနေရာများသို့လည်း ဆက်လက်၍ ပို့ဆောင်မျှဝေသွားကြမည်ဖြစ်သည်။ဆန်၊ဆီ၊ငါးသေတ္တာ၊ပဲနှင့်ဆား အစရှိသည့် ရိက္ခာခြောက်များပါဝင်သည့် ထောက်ပံ့ရေးအစီအစဥ်သည် အရေးပေါ်ရွေ့ပြောင်းရောက်ရှိလာသော စစ်ဘေးရှောင်များ အတွက်ဖြစ်ပြီး တကိုယ်ရည်သုံး၊အခြားအခြေခံဆေးဝါး နှင့် အသုံးအဆောင်ပစ္စည်းများမျှဝေနိုင်ရေးအတွက်လည်း OIAမှ ကြိုးစားလျှက်ရှိသည်။ယနေ့မျှဝေမှုတွင် OIAသည် အဝတ်အထည်အချို့ကိုပါထည့်သွင်းပေးအပ်ခဲ့ပြီး၊ခလေးသူငယ်များအတွက် အနွေးထည်များလည်း မျှဝေပေးခဲ့သည်။ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံအနှံ့ဖြစ်ပွါးနေသောစစ်ပွဲ များကြောင့် စစ်ဘေးရှောင်ဦးရေ (၂)ဒသမ(၇ )သန်းကျော်ရှိပြီး၊ လူသားချင်းစာနာမှုအကူအညီ လိုအပ်သူဦးရေမှာ လည်း (၁၇)ဒသမ(၈)သန်းခန့်ရှိကြောင်း နိုင်ငံတကာ အဖွဲံအစည်းအချို့မှ ထုတ်ပြန်ထားသည်။ အဝေးရောက်ဧရာဝတီအသင်း (OIA)  Today, Overseas Irrawaddy Association (OIA) could successfully distribute basic food items to the displaced people from different …

အဝေးရောက်ဧရာဝတီအသင်း (OIA) မှ ဖွင့်လှစ်သင်ကြားနေသော ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဒုတိယနေ့မြင်ကွင်းများ

English Below>>> အဝေးရောက်ဧရာဝတီအသင်း (OIA) သည် မဲဆောက်ရောက် မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် အိမ်တွင်း သက်မွေးမှု့ အတတ်ပညာ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းသား / သင်တန်းသူများမှ စိတ်ဝင်တစား လေ့လာသင်ယူလျက်ရှိသည်၊၊  #အဝေးရောက်ဧရာဝတီအသင်း (OIA) The Overseas Irrawaddy Association (OIA) is currently conducting “Making Hygiene Products Training” for Myanmar Human Right Defenders in Mae Sot and Trainees are interestingly  learning.  Overseas Irrawaddy Association (OIA)

အဝေးရောက်ဧရာဝတီအသင်း (OIA) မှဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အမျိုးသမီးစွမ်းရည်မြှင့် မော်တာစက်ချုပ်သင်တန်းတွင် ဗမာပြည်လူမျိုးစုများနှင့်ပတ်သက်သော အထွေထွေဗဟုသုတများ ဦးဆောင်ဆွေးနွေး

English Below>>> အဝေးရောက် ဧရာဝတီအသင်း (OIA) မှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော 21 ရက်တာကာလအမျိုးသမီးစွမ်းရည်မြှင့် မော်တာစက်ချုပ်သင်တန်းမှသင်တန်းသားများအား ဗမာပြည်မှ လူမျိုးစုများအကြောင်းဗဟုသုတ ရဖွယ်အထွေထွေများကို ကိုရဲဟိန်းအောင်မှ ဦးဆောင်ဆွေးနွေး မှုများပြုလုပ်ပေးခဲ့ပါသည်။ သင်တန်းသားများဘက်မှ စိတ်ဝင်စားစွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခဲ့ကြကာ မိမိတို့သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး သင်တန်းကိုအောင်မြင်စွာ ပို့ချပေးနိူင်ခဲ့ပါသည်။Groupများဖွဲ့ပြီး သင်တန်းကို စိတ်ပါဝင်စားမှုရှိအောင် ဦးဆောင်ဆွေးနွေး ပို့ချပေးခဲ့ပါသော ကိုရဲဟိန်းအောင်ကိုလဲ OIA မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ အဝေးရောက်ဧရာဝတီအသင်း OIA Ko Ye Hein Aung made a leading discussion with trainees of Motor Sewing Training conducted by OIA concerned with the general knowledge of Burmese …

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွက် အရေးပေါ်ရိက္ခာများ ဖြန့်ဝေခြင်း (OIA)

English Below>>> အရေးပေါ်ရိက္ခာအထူးလိုအပ်သူမိသားစု(၃၀)အတွက် ရိက္ခာနှင့် တကိုယ်ရေသုံးပစ္စည်းများကို အဝေးရောက်ဧရာဝတီအသင်း (OIA) မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လျှောက်ထားသူ ကာယကံရှင်များထံသို့ ဖြန့်ဝေပေးခဲ့ပါသည်။ အရေးပေါ်ရိက္ခာ မိသားစု 30 စုအတွက် အခြေခံစားသောက်ကုန်များဖြစ်သောပစ္စည်း(၁၃)မျိုးပါ ရိက္ခာထုပ်များကို ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး လစဥ်ပုံမှန်ဖြန့်ဝေရန်လည်း စီစဥ်ထားပါသည်။ ဤအစီအစဥ်သည် ပုံမှန်ရိက္ခာဖြန့်ဝေသည့်အစီအစဥ်တွင် တခါမှပါဝင်ဖူးခြင်းမရှိသူများနှင့်အရေးပေါ်ပြောင်းရွေ့လာသူများအတွက် ရည်ရွယ်၍စီစဥ်ဆောင်ရွက်ထားခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွက် အရေးပေါရိက္ခာအစီအစဉ်သည် ဖြန့်ဝေပြီးဖြစ်သောကြောင့် အသစ်ရောက်လာသူများအနေဖြင့် ဖေဖော်ဝါရီလအတွက် အရေးပေါ်ရိက္ခာ ကို  OIA ၏အောက်ပါ ရုံးဖုန်းနံပါတ်များသို့ ဆက်သွယ်လျှောက်ထားနိူင်ပါသည်။ OIA ရုံး phone နံပါတ်များ 0946210843 – 0805080641 0635247692 – 0910180066 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊၊ အဝေးရောက်ဧရာဝတီအသင်း (OIA) On …

အရေးပေါ်တကိုယ်ရေသုံးအိတ်များ ဖြန့်ဝေပေးခြင်း (OIA)

English Below>>> အဝေးရောက် ဧရာဝတီအသင်း OIA သည် ၂၀၂၃ ခုနှစ်၊ နို၀င်ဘာလနှင့် ဒီဇင်ဘာလများတွင် တကိုယ်ရေသုံးအိတ်လျှောက်ထားသူ ကာယကံရှင် များ အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် အိမ်တိုင်ရာရောက် တကိုယ်ရေသုံးပစ္စည်းများ လိုက်လံဖြန့်ဝေပေးခဲ့ပါသည်၊၊  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊၊ အဝေးရောက်ဧရာဝတီအသင်း (OIA) Overseas Irrawaddy Association (OIA) successfully distributed dignity kits to the applicants who applied for November and December, 2023 Dignity Kits Distribution Programs on January 18 and January 19, 2024.  …

အမျိုးသမီးစွမ်းရည်မြှင့်အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ်ခြင်း

English Below>>> အဝေးရောက်ဧရာဝတီအသင်း (OIA) သည် 2022 ခုနှစ် 1လပိုင်းမှစတင်ပြီး 2022ခုနှစ် 8လပိုင်းအထိ မော်တာစက်ချုပ်သင်တန်းအပတ်စဉ်များ ပြုလုပ်ပေးခဲ့ပြီး ယခုတစ်ဖန် အမျိုးသမီးစွမ်းရည်မြှင့်မော်တာစက်ချုပ်သင်တန်းကို 15.1.2024 တွင် ထပ်မံဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကာလ 21ရက်ကြာမြှင့်မှာဖြစ်ပြီး နေထိုင်စားသောက်စရိတ်ကိုအဝေးရောက်ဧရာဝတီအသင်း OIAမှ တာဝန်ယူဆောင်ရွက်ပေးထားပါသည်။ သင်တန်းဖွင့်ပွဲတွင် အဝေးရောက်ဧရာဝတီအသင်းOIAမှ ရုံးအဖွဲ့များနှင့်သင်တန်းသားများမှ အပြန်အလှန်မိတ်ဆက်ခြင်းများပြုလုပ်ပြီး အဝေးရောက်ဧရာဝတီအသင်း OIA အတွင်းရေးမှူး ကိုဖိုးသက်ြန်မှ သင်တန်းသားများကို  အားပေးစကားများပြောကြားခဲ့ပြီး သင်တန်းကို စတင်ခဲ့ပါသည်၊၊ သင်တန်း၏အဓိကရည်ရွယ်ချက်မှာ  မြန်မာနိုင်ငံမှ မဲဆောက်သို့ရောက်ရှိ ခိုလှုံရသော ပြည်သူများကိုအလုပ်အကိုင်အခွင့်အလမ်းများရရှိစေဖို့အဓိကရည်ရွယ်ပြီး အသုံးလိုသည့်အသက်မွေး၀မ်းကြောင်းဆိုင်ရာပညာရပ်များကိုသင်ကြားပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ အဝေးရောက်ဧရာဝတီအသင်း-OIA From January, 2023 to August, 2023, Overseas Irrawaddy Association conducted Motor Sewing Skills Trainings Batches and again, women-empowering …

အဝေးရောက်ဧရာဝတီအသင်း (OIA) ဖွဲ့စည်းတည်ထောင်ခြင်း ၁၉ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

English Below>>> အဝေးရောက်ဧရာဝတီအသင်း၏ ၁၉ နှစ်ပြည့် အခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ Queen Palace Hotel တွင် ကျင်းပခဲ့သည်၊၊ အခမ်းအနားအား OIA ၏ တော်လှန်ရေးခရီးစဥ် Video မှတ်တမ်းများအား တင်ပြခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ဥက္ကဌ ဦးသောင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီး  ဒေါက်တာဝင်းမြတ်အေးမှ အမှတ်တရစကားပြောကြားခြင်း ၊ ဆရာတော် မင်းသုည မှ အမှတ်တရစကားပြောကြားခြင်း၊ MRPWG Network ကိုယ်စား P Yin မှ အမှတ်တရစကားပြောကြားခြင်း၊ MCF မှ ကိုယ်စားလှယ်တစ်ဦးမှ အမှတ်တရစကားပြောကြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ ERO အစုအဖွဲ့၊ CDM အစုအဖွဲ့၊ Activist အစုအဖွဲ့များမှ ကိုယ်စားလှယ်များမှ …

စစ်ဘေးရှောင်ပြည်သူများနှင့် အရေးပေါ်အခက်အခဲဖြစ်နေသူများအား သွားရောက်ထောက်ပံ့ပေးခြင်း

English Below>>> အဝေးရောက်ဧရာဝတီအသင်းသည် ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ် မုန်းမြို့တိုက်ပွဲများတွင်း စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများ၊မီးရှို့ဖျက်ဆီးမှုများနှင့်အရပ်သားပစ်မှတ်များအား ဉီးတည်တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောခြင်း၊ လိုအပ်သောအထောက်အပံ့ပစ္စည်းများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ အနွေးထည်၊ဆန်၊ဆီ၊ဆား၊ငါးသေတ္တာ၊ခေါက်ဆွဲခြောက်နှင့်ပဲခြမ်းများ မျှဝေပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊အိမ်ပြန်ရန်လိုအပ်သည့် မိသားစု(၁)စုအတွက်လည်း လမ်းစရိတ်နှင့်လိုအပ်သည်များ ထောက်ပံ့ပေးအပ်ခဲ့သည်။အိမ်ပြန်ရန် အခွင့်မသာသေးသည့်မိသားစုများအတွက်မူ အိမ်လစာနှင့်အခြားအထောက်ပံ့များရရှိရန် မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ကာ ဆက်လက်ထောက်ပံ့နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ယနေ့ထောက်ပံ့ခဲ့သော ရိက္ခာခြောက်အချို့မှာလည်း HWF အဖွဲ့မှ ရရှိခဲ့ခြင်းဖြစ်သည်။ OIA 23/12/2023 အဝေးရောက် ဧရာဝတီအသင်း OIA Overseas Irrawaddy Association (OIA) met and provided necessary assistance to the displaced people who ran away from airstrikes, burning civil properties, and aiming public …

အနွေးထည်၊ စောင်နှင့် ခြင်ထောင်များဖြန့်ဝေခြင်း

English Below>>> အဝေးရောက် ဧရာဝတီအသင်း အနေဖြင့် ချမ်းအေးစပြုလာပြီဖြစ်သော ဆောင်းရာသီတွင်အနွေးထည် (Hoodies) များ၊ စောင်များ နှင့် ခြင်ထောင်များကို  မြန်မာ့လူ့အခွင့်အရေးကာကွယ်သူ (Human Right Defenders) ၁၇၀၀ဉီးအား အောင်မြင်စွာဖြင့် ဝေမျှပေးခဲ့ပါသည်၊၊  အဝေးရောက် ဧရာဝတီအသင်း OIA Overseas Irrawaddy Association successfully distributed warm clothes (Hoodies), Blankets and nets to 1,700 Human Right Defenders (HRD) on 2023 Winter Season.  Overseas Irrawaddy Association (OIA)

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှုပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ

English Below>>> အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှုပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အစီအစဉ်များကို မဲဆောက်အခြေစိုက် GBVCG မှ ဉီးဆောင်ကျင်းပခဲ့ရာ အဝေးရောက်ဧရာဝတီအသင်း OIAမှလည်း ပူးပေါင်းပါဝင်ခဲ့သည်။ အဝေးရောက်ဧရာဝတီအသင်း OIA Overseas Irrawaddy Association (OIA) joined and participated to the 16 days campaign of International Women’s Elimination of Violence which was conducted by Mae Sot-Based GBVCG.  Overseas Irrawaddy Association (OIA)   Previous Next

ဒီဇင်ဘာလအတွက် အရေးပေါ်ရိက္ခာများဖြန့်ဝေခြင်း

English Below>>>

အဝေးရောက်ဧရာဝတီအသင်း OIAသည် အရေးပေါ်ရွေ့ပြောင်းလာသူHRDများအား လအလိုက် ပုံမှန်ရိက္ခာနှင့်အ ရေးပေါ်ရိက္ခာများဖြန့်ဝေနေလျက်ရှိရာ ယနေ့ ဒီဇင်ဘာလ (၉)ရက်နေ့တွင်လည်း အရေးပေါ်ရိက္ခာ အထုပ်(၃၀) ကို ပုံမှန်အတိုင်း အသစ်ရွေ့ပြောင်းလာသူထဲမှ အခက်ခဲဆုံး မိသားစု(၃၀)အားဖြန့်ဝေပေးခဲ့သည်။

အဝေးရောက်ဧရာဝတီအသင်း 

Overseas Irrawaddy Association (OIA) is currently providing basic and emergency food assistance to HRDs who displaced in emergency. On today, December 9, 2023, OIA distributed to 30 families who faced the most difficult living situations among displaced populations. 

Overseas Irrawaddy Association (OIA)